အမြို့မြို့အနယ်နယ်သတင်းများ

Apr 26,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၆၀)ရပ်ကွက်နှင့် အမှတ်(၉၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 26,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အသက်(၁၀)နှစ် အထက်ပြည် သူများ အားအစိုးရသစ်ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းနှင့် UID ကောက်ယူမှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဧပြီလ ၂၀ ရက်နေ့မှစတင်၍ ပြုလုပ်ပေးလျက် ရှိသည်။
Apr 26,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့တော်ခန်းတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 25,2026
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို အမှတ်(၁)ရပ်ကွက်ရှိ ရွှေမုဌောဘုရားဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကျင်းပသည်။
Apr 25,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်  ညောင်ဝန်းကျောင်းထိုင်ဆရာတော်    ဘဒ္ဒန္တဝိစိတ္တသည် ကျောင်းသား၊ ကောင်းသူများ လူတော်လူကောင်းများဖြစ်စေရန်၊   ရတနာသုံးပါးကို ကြည်ညိုကိုင်းရှိုင်းတတ်စေရန်၊  အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးတို့ကို သိတတ်စေရန်၊   စိတ်ထားနူးညံ့စေရန်၊ ပိုမိုယဉ်ကျေး လိမ္မာလာသော ကျောင်းသား၊ ကောင်းသူများဖြစ်စေရန် ရည်ရွယ်၍  မတ် (၁၂)ရက်နေ့မှ ဧပြီ (၁၂)ရက်နေ့အထိ တစ်လအကြာ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းပြီးဆုံး၍ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့နံနက် (၇)နာရီအချိန်က ညောင်ဝန်းကျေးရွာရှိ ညောင်ဝန်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 25,2026
သန်လျင်ခရိုင် သန်လျင်မြို့မင်းကျောင်းပထမပြန်စာသင်တိုက် (၇၅)နှစ်ပြည့် စိန်ရတုသဘင်နှင့် (၃၆) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယနေ့ နေ့လယ် (၁၂)နာရီတွင် အဂ္ဂမဟာရွှေမေတ္တာဆွမ်းစား ကျောင်းကြီး၌ ကျင်းပသည်။
Apr 25,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အလယ်ရွာ၊ အောင်တော်မူပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (YMBA) ဗုဒ္ဓဘာသာကလျာဏဇယုဝအသင်းမှ ဦးဆောင်လျက် ကျောင်းသား/ကျောင်းသူများ လိမ္မာယဉ်ကျေးပြီး အမျိုးဘာသာသာသနာ စောင့်ထိန်းနိုင်စေရန်ရည်ရွယ်၍ ပထမအကြိမ် (၃၈)ဖြာမင်္ဂလာ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် သင်ထောက်ကူစာအုပ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ရွာ၊ အောင်တော်မူပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သည်။
Apr 25,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့၌ ဒေသခံတောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် စနစ်တကျ ပြန်လည်အသုံးချတတ်စေရန် ရည်ရွယ်၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ (ခရိုင်အဆင့်)ကို ဧပြီ ၂၅ ရက် နံနက်ပိုင်းက နမ်ခင်းကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာ ဝမ်တုံရှမ်းဘုန်း ကြီးကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။