အမြို့မြို့အနယ်နယ်သတင်းများ

Apr 25,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော်အစိုးရသစ်၏ ပထမရက်(၁၀၀)စီမံချက်ဖြစ်သည့် ပြည်ထောင်စုဘဏ္ဍာ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဒုတိယအကြိမ် Quick Win အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဟဲလုံခေတ်မီစံပြကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
Apr 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်ပြည့် စိန်ရတုပွဲတော်နှင့် ဆဌမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျင်းပခဲ့သည်။
Apr 25,2026
‌ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာ၊ ဆွမ်းလောင်းဓမ္မာရုံ၌ ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Apr 25,2026
သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်၏ (၇၅)နှစ်ပြည့် စိန်ရတုသဘင်အထိမ်းအမှတ် အဂ္ဂမဟာ စိန်ရတုကျောင်းတော်ကြီး ကျောင်းဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းတို့အား ဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ သန်လျင်မြို့နယ် မင်းကျောင်းပထမပြန်စာသင်တိုက် ကျောင်းဝင်း၌ ကျင်းပသည်။
Apr 25,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်သူများအတွက် ရပ်ရွာအကျိုးပြုလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအကျိုးရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 25,2026
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက အေးမြင့်သာယာကျေးရွာ၊ အေးချမ်းသာယာခန်းမတွင် ကျင်းပသည်။
Apr 25,2026
မကွေးတိုင်းဒေသကြီး မင်းဘုးခရိုင် ငဖဲမြို့နယ်တွင် အစိုးရသစ်၏ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်းများပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပေကုန်းကျေးရွာဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်သည်။