အမြို့မြို့အနယ်နယ်သတင်းများ

Apr 25,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရေး MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
Apr 25,2026
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ရက် (၉၀) စပါးမျိုးနွေစပါး (၁၀) ဧက ကိုယ်စားပြုစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။
Apr 25,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။ ယခုအခါ ထိုနွေစပါးများသည် ရက် ၉၀ ဝန်းကျင် သက်တမ်းရှိနေကြပြီး အချို့ကောက်ပင်များတွင် နို့ရည်တည်လျက်ရှိကာ သဘာဝဘေးနှင့် သီးနှံဖျက်ပိုးဘေး အန္တရာယ်ကင်းရှင်းလျက် အောင်မြင်စွာရှင်သန်လျက်ရှိ‌ကြသည်။
Apr 25,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဦးစီးမှူးမှ အစိုးရသစ်လက်ထက် ရက် ၁၀၀ ကာလအတွင်း လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းစုရပ်ကွက် အ.ထ.က (ခွဲ) မြို့မ (၃) တွင် ဆောင်ရွက်ပေးသည်။
Apr 25,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တူးချောင်းကြီးကျေးရွာအုပ်စု၊ ဘုရားကျောင်းကျေးရွာတွင် တွံတေးမြို့နယ် ကရင်စာပေနှင့် ယဥ်ကျေးမှုကော်မတီမှ ကြီးမှူးဖွင့်လှစ်သော ကရင်ဒုံးယိမ်းအကသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘုရားကျောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 25,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရုံးမှ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီက ရေထွက်ကျေးရွာအုပ်စုရှိ ပြည်သူများအား ဆောင်ရွက်ပေးခဲ့သည်။
Apr 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု၊ ဝါးကလောကျေးရွာ၊ အလက(ခွဲ)ကျောင်းတွင် ငပုတောမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးနေလင်းထွန်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကျင်းပသည်။
Apr 25,2026
အစိုးရသစ်၏ ရက်(၁၀၀)အထူးစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ နေပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက်(UID)ထုတ်ပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ဝါးတရာကျေးရွာ၊ ထိန်ကုန်းကျေးရွာနှင့် လမုတန်းကြီး ကျေးရွာရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက်(UID)ထုတ်ပေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။