Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုသိမ်ကြီးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ကွက်ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Apr 26,2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးအနေဖြင့် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ရေထွက်ကျေးရွာအုပ်စုရှိ ပြည်သူများအား နေ့ချင်းပြီးဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ Organic Farm စိုက်ခြံနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ် အားပေးစက်ရုံ (၁၀မဂ္ဂဝပ်)အေးသာယာစက်မှုဇုန်အား သွားရောက်ကွင်းဆင်းကြည့်…
Apr 26,2026
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူ များနှင့်အတူ ဧပြီ(၂၅)ရက် နံနက်(၉) နာရီက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ဦးစိုင်းရွက် စိုက်ပျိုးထားသည့် တောင်ကြီးမြို့မှလတ်ဆက်သော Organic Farm စိုက်ပျိုးခြံသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ နာကဆာချောင်းအောက်ပိုင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ
Apr 26,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု အတွင်းရှိ နာကဆာချောင်းသည် အိမ်မဲချောင်း၏ ရေဝင်ရေထွက်ကို ရရှိခံစား၍ စိုက်ပျိုးရေအ တွက်အဓိကကျသော မြောင်းတစ်ခုဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
သွားဖက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)မှ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာတွင် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ပေး
Apr 26,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာတွင် သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)မှ ပေါမောက္ခ ဒေါက်တာဦးသိန်းထွန်းဦးနှင့် ဆရာ/ဆရာမ (၄) ဦး၊ အလုပ်သင်ဆရာဝန် (၆) ဦး၊ စတုတ္ထနှစ်အောင်မြင်ပြီးသည့် ကျောင်သား (၃၀) ဦးတို့သည် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်ပေးသည့်လုပ်ငန်းများကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Apr 26,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဈေးများတွင် ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အဖွဲ့ပိုင်ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ (၅) နာရီက အမှတ် (၅) ရပ်ကွက် မြို့မဈေးနှင့် အောင်သာယာဈေးတို့၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅) နှစ်ပြည့် စိန်ရတုသဘင် အထိမ်းအမှတ် အဂ္ဂမဟာ စိန်ရတုကျောင်းတော်ကြီး ကျောင်းဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းတို့အား ဖွင့်လှစ်ခြင်း မင်္ဂလာ အခမ်းအနားကျင်းပ…
Apr 26,2026
သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်၏ (၇၅)နှစ်ပြည့် စိန်ရတုသဘင် အထိမ်းအမှတ် အဂ္ဂမဟာ စိန်ရတုကျောင်းတော်ကြီး ကျောင်းဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းတို့အား ဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သန်လျင်မြို့နယ် မင်းကျောင်းပထမပြန်စာသင်တိုက် ကျောင်းဝင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး “ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆)” အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Apr 26,2026
ရန်ကုန်တိုင်းဒေသကြီး “ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆)” အထိမ်း အမှတ် အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက် ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Apr 26,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်ရှိ သာသနာ့ဝေယျာဝစ္စဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ချမ်းငြိမ်းနှင့်သက်ဆိုင်ရာဝန်ထမ်းများက ပုသိမ်ညွန့်ရပ်ကွက် အတွင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
438
Page
439
Page
440
Page
441
Current page
442
Page
443
Page
444
Page
445
Page
446
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department