အမြို့မြို့အနယ်နယ်သတင်းများ

Apr 25,2026
၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ လူမှုရေးရာဝန်ကြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Apr 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်ပေးမည့် ကျေးရွာမြေငှားဂရန် ထုတ်ပေးခြင်းလုပ်ငန်းအတွက် တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Apr 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
Apr 25,2026
နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးထွန်း၏ ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာ၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီး‌ဘေးအန္တရာယ်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Apr 25,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့က စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဧပြီ ၂၄ ရက် မွန်းလွဲ ၂ နာရီက ကျင်းပသည်။
Apr 25,2026
ပဲခူးတိုင်း​ဒေသကြီး​၊ ပေါင်းတည်မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနများ၌ ဧပြီ (၂၀)ရက်မှ ဧပြီ (၂၄)ရက်အထိ ပဲခူးတိုင်း တီဘီ​ရောဂါတိုက်ဖျက်​ရေးဌာနမှ ‌ဒေါက်တာ ဝင်းဝင်းလှ ဦးဆောင်သောအဖွဲ့နှင့်၊ မြို့နယ်တီဘီ​ရောဂါတိုက်ဖျက်​ရေးဌာန၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့ ပူး​ပေါင်းပါဝင်သည့် (TB Mobile Team ) အ​နေဖြင့် တီဘီ​ရောဂါကွင်းဆင်း​ရှာ​ဖွေခြင်း၊ ကျန်းမာ​ရေးအသိပညာ​ပေးခြင်းလုပ်ငန်းများ ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 25,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိန်တလုံးသရက် စိုက်ပျိုးရောင်းချသူများ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။
Apr 25,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၂၇)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။