Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့သစ်မြို့နယ်တွင် ပြည်သူများအပူဒဏ်ကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းများ ဆက်လက်ဖွင့်လှစ်လျက်ရှိ
Apr 25,2026
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဧပြီလဆန်းပိုင်းမှစတင်၍ အပူချိန်သိသိသာသာမြင့်တက်လာခြင်းကြောင့် မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များအနေဖြင့် အပူဒဏ်ကြိုတင်ကာကွယ်နိုင်ရေး၊ အပူဒဏ်ကင်းဝေးစေရေးနှင့် ရှောင်ရှားနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အပူရှောင်စခန်းများကို ဧပြီလ ၁ ရက်နေ့က စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ ရွှေဘုံသာဘုန်းတော်ကြီးကျောင်း၊ ဇေယျမင်္ဂလာဂါတ်ကျောင်းနှင့် သရက်တောဘုန်းတော်ကြီးကျောင်းတို့တွင် အပူရှောင်စခန်းများ ဆက်လက်ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ၌ အခြေခံကဗျာရေးစပ်နည်း သင်တန်းဖွင့်လှစ်
Apr 25,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး ရည်ရွယ်ချက်ဖြင့် နွေရာသီပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် အခြေခံကဗျာရေးစပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့တွင် အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Apr 25,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုံတိုက်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးဝမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Apr 25,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက် (၉)နာရီက အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 25,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ နွေရာသီ ရာသီဥတုပူပြင်းလာပြီး အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရေးအတွက် အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီခွဲက သစ်ရာမြိုင်ရပ်ကွက်ဈေးအနီး လူစည်ကားသောနေရာများ၌ ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်
Apr 25,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းကို သာကေတစက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီရုံးခန်းမ၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းမျ…
Apr 25,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် မီးသတ်ဦးစီးဌာနက နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၇ / အနောက်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများဆောင်ရွက်
Apr 25,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ အမှတ် (၁) ဆက်သွယ်ရေးအလုပ်ရုံ၌ ယမန်နေ့ နံနက် ၈ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
445
Page
446
Page
447
Page
448
Current page
449
Page
450
Page
451
Page
452
Page
453
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department