ကရင်ပြည်နယ်

လှိုင်းဘွဲမြို့၌ မူးယစ်ဆေးဝါးများနှင့် လူကုန်ကူးမှုအန္တရာယ် ဥပဒေဆိုင်ရာ ကိစ္စရပ်များအကြောင်း လူငယ်ရေးရာ သိပညာပေး ဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လူကုန်ကူးမှုအန္တရာယ် ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ဇွန် (၁၉) ရက်နေ့က ပတ်ကျောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ကမော့ကချူးကျေးရွာ အထက်တန်းကျောင်းခွဲတို့၌ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုအားပေး

မြို့အင်္ဂါရပ်နှင့်အညီ Green City , Clean City ဖြစ်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို ပြည်နယ်လွှတ်တော်က အတည်ပြုမှတ်တမ်းတင်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ(၂)ထပ်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များ နေထိုင်မှုအဆင်ပြေ ချောမွေ့စေရန်၊ ဝန်ထမ်းများစိတ်အေးချမ်းသာစွာဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို အပြည့်အဝထမ်းဆောင်နိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်များကို ဆောက်လုပ်နေရာချထားပေးလျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဥပဒေ ချုပ်ရုံး ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ(၂)ထပ်အဆောက်အဦဖွင့်ပွဲကို ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပ သည်။

ကြာအင်းဆိပ်ကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများကို "လမင်းစီမံချက်"ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်း၌ အမက(၅)(မူလွန်) ကြာအင်းဆိပ်ကြီးကျောင်းသို့ မြို့နယ်လဝကဦးစီးမှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများက နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ(၂)ထပ်အဆောက်အဦအား တက်ရောက်ဖွင့်လှစ်

ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များ နေထိုင်မှုအဆင်ပြေ ချောမွေ့စေရန်၊ ဝန်ထမ်းများစိတ်အေးချမ်းသာစွာဖြင့် ၎င်းတို့၏တာဝန်ဝတ္တရားများကို အပြည့်အဝထမ်းဆောင်နိုင်ရန် အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်များကို ဆောက်လုပ်နေရာချထားပေးလျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ(၂)ထပ်အဆောက်အဦဖွင့်ပွဲကို ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပသည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို ပြည်နယ်လွှတ်တော်က အတည်ပြုမှတ်တမ်းတင်သည်။

ကြာအင်းဆိပ်ကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများကို "လမင်းစီမံချက်"ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း၌ အမက(၅)(မူလွန်) ကြာအင်းဆိပ်ကြီးကျောင်းသို့ မြို့နယ်လဝကဦးစီးမှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများက နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

မြဝတီမြို့တွင် ကော်ဖီနှင့် သီဟိုဠ်ပျိုးပင်များအား စိုက်ပျိုးတောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကော်ဖီနှင့်သီဟိုဠ် ပျိုးပင်များအား စိုက်ပျိုးတောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉:၃၀)၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။

မြဝတီမြို့ ကုန်တင်ကုန်ချကော်မတီရုံးမှ ကာယ၊ဉာဏဝန်ထမ်းများကို ကိုဗစ်ကာကွယ်‌ဆေး Pfizer  ထိုးနှံ

ကရင်​​​ပြည်နယ်စည်ပင်သာယာ​ရေးဝန်ကြီးဌာန မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ  (ကာယ-ဥာဏ) ဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး pfizer ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင် ထိုးနှံဆောင်ရွက်သည်။
Subscribe to ကရင်ပြည်နယ်