လှိုင်းဘွဲမြို့နယ်တွင် မဲရုံထားရှိမည့် အခြေခံပညာကျောင်းများအား မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကင်းစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲပေးစက်ထားရှိမည့် အခြေခံပညာကျောင်းများ၌ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေးအတွက် လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။