မွန်ပြည်နယ်

သထုံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ စည်သွပ်ဘူးအမျိုးမျိုးနှင့် စပ်လျဉ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စည်သွပ်ဘူးအမျိုးမျိုးနှင့်စပ်လျဉ်း၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က မြို့ပေါ်ရပ်ကွက် (၄)ခု၌ ဆောင်ရွက်ခဲ့သည်။

ကျိုက်မရောမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးရေး သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၂၀ ရက်နေ့ နံနက် ၉ နာရီက အ.ထ.က ခွဲ (ကျိုက်မရော) ကျောင်းခန်းမ၌ ပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရှေးဦးပြုစုခြင်း (သာမန်) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ကြက်ခြေနီအသင်းခွဲ ရှေးဦးပြုစုခြင်း (သာမန်) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ် (၂) အခြေခံပညာအထက်ကျောင်း၌ ကျင်းပခဲ့သည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ သဘာဝတောများမှ ထင်းအစားထိုးစွမ်းအားမြှင့် မီးဖိုများတိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သဘာဝတောများမှ ထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများ တိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြော ပွဲကို ယမန်နေ့နံနက်ပိုင်းက အထက(ကျွဲခြံ) ကျောင်း၌ ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးနှင့်ဝန်ထမ်းများ၊ အထက (ကျွဲခြံ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်း‌ဌေးနှင့်ဆရာမများ၊ ကျောင်းသား၊‌ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက အမက(ထန်းတော)ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် အထက(ကျွဲခြံ)ကျောင်း၌ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ပေါင်မြို့နယ် အထက (ကျွဲခြံ) ကျောင်း၌ ဥပဒေအသိပညာပေးဟောပြောပွဲကို ယ‌နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်း၊ပေါင်မြို့မစခန်းမှူး ဒုရဲမှူးကျော်စိုးသန်း၊ဒုတိယမြို့နယ်ဥပ‌ဒေအရာရှိ ဒေါ်ဝင့်ရည်ဦး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နှင်းထက်ထက်ဟန်၊ ပေါင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မေသီတာစိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး၊သစ်‌တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်း‌ဌေး၊ ကျွဲခြံ‌ကျေးရွာအုပ်ချုပ်ရေးမှူး ဦး‌အောင်ဇော်ဦး၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၃၀၀)ဦးတက်ရောက်ခဲ့ကြသည်။

‌မော်လမြိုင်မြို့နယ်၌ သီးသန့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်သီးသန့်အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်