ရန်ကုန်တိုင်းဒေသကြီး

ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ် အခမဲ့ ပုံမှန်ပြေးဆွဲပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်တွင် လာရောက်တာဝန်ထမ်းဆောင်လျက်ရှိသောဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများသွားလာမှုအဆင်ပြေစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏လမ်းညွှန်ချက်အရ ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ်ခရီးစဉ်ကို တစ်လလျှင်တစ်ကြိမ် အခမဲ့ ပြေးဆွဲလျက်ရှိကြောင်းသိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များနှင့် မကျန်းမာသည့်သက်ကြီးဘိုးဘွားများအား UID ကတ်(Smart Cards)များနှင့် Home Service ဆောင် ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ပင်စင်လစာထုတ်ယူနေသောနိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များနှင့် သက်ကြီးဘိုးဘွားများအား UID ကတ်(Smart Cards)များကို ဆောင်ရွက်ပေးလျက်ရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဆေးကုသရေးသမားတော်ကြီးများမှ မျက်စိဝေဒနာရှင်များအား နယ်လှည့်ကွင်းဆင်းဆေးကုသပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းနှင့် စေတနာရှင်ဆရာဝန်ကြီးများ၏ ကု သိုလ်ဖြစ်ဆေးကုသရေးအဖွဲ့တို့မှ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်(၈)နာရီမှ (၄)နာရီအထိ အမှတ်(၇)ရပ်ကွက် မဟာအောင်မြေဘုန်းတော်ကြီးကျောင်း သဇ္ဇနသုခကာရီသိမ်ဓမ္မဗိမာန်တော်ကြီးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အခမဲ့ ဆေးကုသပေးလျက်ရှိသည်။

ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်နှင့်အခြခံပညာကျောင်းများပူးပေါင်းကျင်းပမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဇူလိုင် ၂၈ ရက်နေ့နံနက် ၁၀ နာရီကကျင်းပသည်။

ဒဂုံတက္ကသိုလ်တွင် Pfizer  JN 1 ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသ‌ရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည်အဓိကလုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ဦးတည်အုပ်စုများသတ် မှတ်၍ ပြည်သူများကာကွယ်ဆေးထိုးနှံနိုင်စေရေးဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်နေ့နံနက်ပိုင်းက ဒဂုံတက္ကသိုလ်တွင် ဆရာ၊ ဆရာမများနှင့်‌ ကျောင်းသား၊ ကျောင်းသူ(၅၅၂)ဦးအား Pfizer JN 1  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုထိုးနှံပေးလျက်ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင်လ ၂၉ ရက်နေ့မွန်းလွဲ ၁နာရီအချိန်က မှော်ဘီမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။

သန်လျင်မြို့နယ်၊ သန်လျင်-သုံးခွ-ခရမ်းလမ်းမကြီး၊ ကြာနီကန်ရေနုတ်မြောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ တတိယအကြိမ်မြောက်ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာအုပ်စု၊  သန်လျင်-သုံးခွ-ခရမ်းလမ်းကြီး၊ ကြာနီ ကန်ရေနုတ်မြောင်းအတွင်းသို့ ငါးသယံဇာတရေရှည်တည်တံ့တိုးတက်စေရေးအတွက် ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့နံနက်ပိုင်းကကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တွံတေးမြို့နယ်ငါးသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၄)ခရိုင် (၆)‌ပေါက်တန်း ခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၄)ခရိုင် (၆)‌ပေါက်တန်း ခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းစျေးနှုန်းများ အဆမတန်မြင့်တက်မှုမရှိစေရေး ကြပ်မတ်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း   အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစျေးနှုန်းများ အဆမတန်မြင့်တက်မှုမရှိစေရေး ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။

ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘဆရာအသင်းများမှ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး