ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပထမအကြိမ် နှစ်ဦးအထူးတရားပွဲ ဓမ္မပူဇာသဘင် (၆)ရက်တိုင်တိုင် ကျင်းပသွားမည်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယုဇနဥယျာဉ်မြို့တော် အမှတ်(၉၄)ရပ်ကွက်လုံးဆိုင်ရာ ပထမအကြိမ် နှစ်ဦးအထူးတရားပွဲ ဓမ္မပူဇာသဘင်ကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ညစဉ် ၇ နာရီအချိန်တွင် ကံ့ကော်လမ်းမကြီးနှင့် ၁၄ လမ်းထောင့်၊ အိမ်ရာကော်မတီရုံးရှေ့တွင် ၆ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။