မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် တာဝန်ရှိသူများ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော် မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်သုံးဆီ အရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။