မန္တလေးတိုင်းဒေသကြီး

ရမည်းသင်းမြို့နယ်၌ မန္တလေးငလျင်ကြီး(၁)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ မန္တလေးငလျင်ကြီး(၁)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ၁၂ နာရီ ၅၁ မိနစ်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသင်းရတနာခန်းမ၌ ကျင်းပသည်။

မိတ္ထီလာမြို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကကြီးမှူးဆောင်ရွက်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို မတ် ၂၈ရက် တွင် ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် နွေရာသီကြက်ခြေနီသင်တန်းဖွင့်ပွဲ တက်ရောက်

နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်များ အချိန်ကိုတန်ဖိုးရှိစွာအသုံးချ၍ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရန်၊ အရည်အချင်းမြင့်မားပြီး အတွေးအခေါ်မှန်ကန်၍ ဗလငါးတန်နှင့် ပြည့်စုံကာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်းလူငယ်များပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နွေရာသီသင်တန်းများကို အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ပေးလျက်ရှိသည်။

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့သာ စကိုင်းဗီလာနှင့်အင်ကြင်းကွန်ဒိုမှ အခန်းပိုင်ရှင်များအား နိုင်ငံတာ်မှထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသော အောင်မြေသာစံမြို့နယ်အတွင်းရှိ စကိုင်းဗီလာနှင့်အင်ကြင်းကွန်ဒိုတို့မှ တိုက်ခန်း (၁၉၈)ခန်းအတွက် နိုင်ငံတော်မှ  ထောက်ပံ့ငွေနှင့်အိမ်ဆောက်ပစ္စည်းများ ပေးအပ်ပွဲကို မတ် ၂၆ ရက်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ မုန်တိုင်ဓမ္မာရုံတွင် ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်၌ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု တစ်နှစ်ပြည့်အထိမ်းအမှတ် ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်အထိမ်းအမှတ် ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်းကို မတ် ၂၈ ရက်နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ရမည်းသင်းခရိုင်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားပြုလုပ်

ရမည်းသင်းမြို့၊ ရွှေစည်းခုံရပ်ကွက်၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်မှုဖြင့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို မတ် ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။မ

ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၉ ခု၌ ရည်ညွှန်းဈေးတစ်ပိဿာ ၇၇၂၄ ကျပ်ဖြင့် စားအုန်းဆီ ၂၂၂၅၄၂ ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားအုန်းဆီအခက်အခဲမရှိစေရေး ရပ်ကွက်/ကျေးရွာများအလိုက် အလှည့် ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ယခုအပတ်စဉ်၌ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၉ ခု၌ ရည်ညွှန်းဈေး တစ်ပိဿာ ၇၇၂၄ ကျပ်ဖြင့် စားအုန်းဆီ ၂၂၂၅၄၂ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၊ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

မန္တ‌လေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှု‌အောက်ရှိ မြစ်သားမူလတန်း‌ကြိုကျောင်း မိဘဆရာအသင်းမှကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြစ်သားမူလတန်း‌ကြိုကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌ ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရွှေကြာအင်းကျေးရွာ၌ ဒေသခံတောင်သူများ စီးပွားဖြစ်စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ဦး‌မြင့်မောင်မောင်မှ စာအုပ်၊စာစောင်များ လာရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင်ရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ ပြည်သူ့စာကြည့်တိုက်များအတွက် စာရေးဆရာ ဦးမြင့်မောင်မောင်က စာအုပ်အမျိုးအစားပေါင်း ၅၃ မျိုးအား  ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ လာရောက်လှူဒါန်းခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး