မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်တွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရဖြင့် မိသားစုများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်၊ စပါးအပြင် နေ့စဉ်ဝင်ငွေရရှိသည့် သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ထားဝယ်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသဖြင့် မိသားစုများ အဆင်လျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက စဉ့်ကိုင်မြို့နယ်၊ သင်္ဂတုံကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်သည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်းတွင် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ၊ အသိပညာပေး ဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများကို စဥ်ဆက်မပြက် ကျင်းပပေးလျက်ရှိသည်။

ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးအဆင့် အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးအဆင့် အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမဆောင်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကျင်းပ

ပျော်ဘွယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ဣစ္ဆာသယဘုန်းကြီးကျောင်း၌ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ အများပြည်သူများကို မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက မဟာအောင်မြေမြို့နယ် ဣစ္ဆာသယဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဟာ‌မြိုင် ၂ ရပ်ကွက်အတွင်းရှိ အများပြည်သူများကို မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် မဟာဝိဇယကျောင်း၌ ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဥာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အမရပူရမြို့နယ်တွင် ဓနုံးကျေးရွာ ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဓနုံး​ကျေးရွာ ဓနုံးစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါစာကြည့်တိုက်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေ ပုံမှန်ထုတ်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ဩဂုတ်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၅နာရီက စတင်ထုတ်ပေးလျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး