မန္တလေးတိုင်းဒေသကြီး

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်းပြီး “လူငယ်နှင့်အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ စကားအင်းကျေးရွာ၌ လူယ်စကားဝိုင်းကျင်းပ

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်ကို ယမန်နေ့မွန်းလွဲ ၂ နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ စကားအင်းကျေးရွာတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID နှင့် e-Pension ကတ်များ ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌(အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား UID ကဒ်များနှင့် Centra–lized e-Pension ကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အခြေခံစာကြည့်တိုက်ပညာများ ဆက်လက်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းကအခြေခံစာကြည့်တိုက်ပညာများ ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ခြင်းဆိုင်ရာ နည်းပြသင်တန်းဖွင့်

သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအကောင်အထည်ဖော်ခြင်းဆိုင်ရာ နည်းပြသင်တန်း (ToT) ဖွင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ပန်းမျိုးတစ်ရာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့​သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အခြေခံစာကြည်တိုက်ပညာများ ဆက်လက်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက အခြေခံစာကြည့်တိုက်ပညာများ ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် အမှတ်(၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၄) အခြေခံပညာအထက်တန်းကျောင်းရှိ နန်းကေသီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ် ရသာ - နန်းနီ- အုန်းလက္ကောက်‌ ကျေးရွာချင်းဆက်လမ်း  အဆင့်မြှင့်တင်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက်  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇၆ ဒသမ ၄၄သန်းဖြင့်  ရသာ - နန်းနီ- အုန်းလက္ကောက်‌ ကျေးရွာချင်းဆက်လမ်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်းအား ယနေ့နံနက်ပိုင်းက ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ရမည်းသင်းမြို့နယ်၌ ရွေးကောက်ပွဲအကြို လုပ်ငန်းညှိနှိုင်း

၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်​တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရမည်းသင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး