မန္တလေးတိုင်းဒေသကြီး

မန္တလေးပညာရေးဒီဂရီကောလိပ်၌ လူကုန်ကူးမှုကာကွယ်ရေးအသိပညာပေး ဟောပြော

ဆရာအတတ်ပညာဦးစီးဌာန မန္တလေးပညာရေးဒီဂရီကောလိပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၁၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့စု တို့ပူးပေါင်းကျင်းပသော လူကုန်ကူးမှုကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမဆောင်၌ ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်တင်ကျောင်း မြို့နယ်အဆင့်ဆရာဖြစ်သင်တန်း ဖွင့်လှစ်

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ကျန်းမာရေးအဆင့်မြှင့်တင်ကျောင်း မြို့နယ်အဆင့်ဆရာဖြစ်သင်တန်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အ.ထ.ကကျောင်း၌ ဖွင့်လှစ်သည်။

အောင်မြေသာစံမြို့နယ် အလက(၄)၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)၊ လမင်းစီမံချက်ဖြင့် ဇွန် ၉ရက် နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးထွန်းဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ ၄၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးရာ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဉ္ဇာလွင်နှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် အ.ထ.က(ရွာသစ်)၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးအသိပညာပေး 

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်များပြသခြင်းကို ဇွန် ၉ ရက် နံနက် ၉ နာရီက ရွာသစ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

မိတ္ထီလာမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ အမျိုးသမီးများအတွက် စက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေစီမံကိန်း အမျိုးသမီများ အတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့်လုပ်ငန်းအဖြစ် စက်ချုပ်နည်းပညာသင်တန်းကို တောမကျေးရွာအုပ်စု မကျီးပင်ပုကျေးရွာတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ် ကြည်တော်ကုန်း (အ.မ.က)ကျောင်း၌ အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး​ ရမည်းသင်းမြို့နယ် ကြည်တော်ကုန်း(အ.မ.က)ကျောင်း၌ အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။

ကျောက်ဆည်မြို့၌ သစ်ပင်သစ်ကိုင်းခုတ်ထွင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားကြိုးအသစ်လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းလုပ်ငန်းမှ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ဓာတ်အားစဉ်ဆက်မပြတ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းမှုပပျောက်ရေး ပြည်သူများလျှပ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်က ကျောက်ဆည်မြို့နယ် ဒု-မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဥက္ကာမျိုးဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဓာတ်ကြိုးများနှင့်မလွတ်ကင်းသော သစ်ကိုင်များခုတ်ထွင်ခြင်းနှင့်၊ လျှပ်စစ်ဓာတ်ကြိုအသစ်လဲခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ (၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပသည်။

မြစ်သားမြို့နယ်၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ဘူတာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားပြီးလိမ္မာယဉ်ကျေးစေရန် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ဇွန် ၈ ရက်  နံနက် ၉ နာရီက ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး