ဧရာဝတီတိုင်းဒေသကြီး

ဓနုဖြူမြို့နယ်၌ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေလ ၅ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရေကြည်မြို့နယ်အသုတ်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် မီးလောင်မှုဖြစ်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အသုတ်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်း (၁)နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မအူပင်မြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။

လပွတ္တာမြို့နယ်တွင် ပိုက်ဆံ‌လျှော် (သစ်စိမ်း မြေဩဇာ) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်စိုက်ပျိုးရေးစီးဌာနမှ မိုးစပါး မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုက်ဆံ‌လျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲ အခမ်းအနားကို ယနေ့ နံနက်၈နာရီအချိန်ခန့်က အောက်ချောင်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။         

လပွတ္တာမြို့၌မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ(MSR)နှင့် စံပြဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြိုဲ၌ မြစိမ်းရောင်စီမံကိန်း သုံးသပ် ဆွေးနွေးပွဲ(MSR)နှင့် စံပြဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက လပွတ္တာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာခရိုင် ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်၊ဒေသန္တရစီမံကိန်းတာဝန်ပေး အပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။            

ကျိုက်လတ်မြို့နယ်၌  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် “လောကဥသျှောင်ရွှေဘုန်းခေါင်” စေတီတော်မြတ်ကြီးအား ‌ရွှေထီးတော်တင် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် “လောကဥသျှောင် ရွှေဘုန်းခေါင်” စေတီတော်မြတ်ကြီးအား ‌ရွှေထီးတော်တင် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၃၀) နာရီအချိန်က ဦးနုချောင်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ၌ ကျင်းပခဲ့သည်။

မြောင်းမြမြို့နယ်အတွင်း ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း မွေးမြူရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ကို လုပ်ငန်းစဉ် (၇) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန် နေ့နံနက် ၉ နာရီအချိန်က ကျွဲနွားရောဂါကာကွယ်ဆေးထိုးပေးခြင်းနှင့် နွားမေထုန်မဲ့ သားစပ်ပေးခြင်း တို့ကို ညောင်တောစုကျေးရွာအုပ်စုရှိ၊ သဗြုပင်ဆိပ်ကျေးရွာ၊ ကွမ်းသီးချောင်းနှင့် အုန်းပင်ကျေးရွာတို့၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား တို့မှ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည် ။
Subscribe to ဧရာဝတီတိုင်းဒေသကြီး