ပဲခူးတိုင်းဒေသကြီး

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၂၀၂၅-၂၀၂၆)ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ် (တောင်ငူ)၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ကျင်းပရာ နည်းပညာတက္ကသိုလ်(တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ကြသည်။

ဇီးကုန်းမြို့နယ် မြို့မဈေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြ လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ဈေးကြီး၌ ပြုလုပ်ခဲ့ကြသည်။

သာယာဝတီမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးနိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို သာယာဝတီမြို့ မြို့မဈေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာအသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာအသိပညာပေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ရုံးတွင်နံရံကပ်ပြဘုတ်နှင့်မြေစိုက်နံရံကပ်ဘုတ်တို့တွင်ပြသ၍ အသိပညာပေးဆောင်ရွက်သည်။

လက်ပံတန်း၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့်ဝန်ထမ်းများက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့မရပ်ကွက်သို့ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

လက်ပံတန်းမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးသတိပြုရေး မီးဘေးကြိုတင်ကာကွယ်နိုင်ရေး၊ ဈေးများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဈေးမီးဘေးလုံခြုံရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့မှ အပိုင်းအလိုက်စနစ်တကျထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဈေးကော်မတီအဖွဲ့နှင့် မီးသတ်ဦးစီးဌာနမှ ဈေးအတွင်း မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မြို့မဈေးကြီးတွင် ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club၊ Youth Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ ဝါသနာတူ လူငယ်များအသင်း (Youth Club)တို့ ပူးပေါင်းပြီး စာရေးဆရာ ညီညီဈာန်ရေးသားသော “ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သဲကုန်း​မြို့နယ် မူလတန်းကြိုကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါမူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သဲကုန်းမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာ​ကြီး ဒေါ်မေဇင်ထွန်းနှင့် ဝန်ထမ်းများ၊ မိဘဆရာအသင်းဝင်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့​​ကြသည်။

ကြို့ပင်ကောက်မြို့နယ်တွင် အဆိပ်ရှိပစ္စည်း(၂)မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်း ကင်းစင်ရေး (၂) နှစ်တာကာလအထိ တားမြစ်ပိတ်ပင်ခြင်း အသိပေးဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် အဆိပ်ရှိပစ္စည်း(၂)မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်ရေး (၂)နှစ်တာကာလအထိ တားမြစ်ပိတ်ပင်ခြင်း အသိပညာပေး ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ကြို့ပင်ကောက်မြို့၌ မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မဲရုံများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မဲရုံအဖြစ်လျာထားသော ကျောင်းနှင့်အခြားအဆောက်အဦးများအား ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆောင်ရွက်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး