ကံမမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား
မြန်မာသက္ကရာဇ် ၁၃၈၇-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ပေါ်ရပ်ကွက်များရှိ ဆုတောင်းပြည့်စေတီတော်၊ ရွှေစည်းခုံစေတီတော်၊ သင်္ကန်းနက်ဘုရား၊ ရွှေနန်းပိုင်ဘုရား၊ ရွှေခရုတောက်ဘုရား၊ ငါးထပ်ကြီးဘုရားနှင့် ကန်လယ်ဘုရားတို့၌ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။