တနင်္သာရီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး ဆေးတိုက်ကျွေးခြင်းဆိုင်ရာအသိပေးရှင်းလင်းပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမအတွင်း ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က “သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဆင်ခြေထောက်ရောဂါမှကင်းဝေးစေရန်” ရည်ရွယ်၍ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူအားလုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆိုင်ရာ အသိပေးရှင်းလင်းပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ မြို့အုပ်ချုပ်ရေးမှူးဦးကျော်သက်ထူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်မြတ်စုဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးဇင်ဦးချိုနှင့်တပ်ဖွဲ့ဝင်များ၊ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပြည်သူ့ကျန်းမာရေးဌာနဆရာမများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။