တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီမြို့နယ်တွင် နွေရာသီကိုယ်လုံပညာ(လက်ဝှေ့)သင်တန်း သင်ကြားလေ့ကျင့်နေမှုအား အမှတ် (၂) စစ်နယ်မြေမှူးက ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ ကိုယ်လုံပညာ (လက်ဝှေ့) သင်တန်းကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစ၍  သင်တန်းနည်း ဦးသန့်ဇင်ဝင်းနှင့် ဦးညီညီထက်တို့က သင်တန်းသူ/သားများ (၂၂)ဦးတို့အား လက်ဝှေ့ပညာ အားကစားနည်းများကို စာတွေ့ဘာသာရပ်များကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမထဲအတွင်း၌လည်းကောင်း လက်တွေ့လေ့ကျင့်မှုများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားခန်းမအတွင်း လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

တနင်္သာရီမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၀) နှစ်အောက်၊ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အားကစားကဏ္ဍဖွံ့ဖြိုးမှု(TSDP)အစီအစဉ် အရ ၂၀၂၄ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဖလား အသက်(၂၀)အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်မှစ၍ မြို့နယ်အားကစားခန်းမအတွင်းအုပ်စု(က)မှ ချောင်းကြီးရပ်ကွက် အသင်းနှင့် အုပ်စု(ခ)မှ ရွှေ လိပ်ပြာအသင်းတို့ စည်ကားစွာ ယှဉ်ပြိုင်ကစားကြရာ ချောင်းကြီးရပ်ကွက်အသင်းက (၅ဂိုး-၂ဂိုး)ဖြင့် အနိုင်ရ ဗိုလ်စွဲသွားကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက် (၂၅) နှစ်‌အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင် ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် နွေရာသီကိုယ်လုံပညာ (လက်ဝှေ့) သင်တန်း သင်ကြားလေ့ကျင့်နေမှုအား အမှတ် (၂) စစ်နယ်မြေမှူးက ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တနင်္သာရီမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကိုယ်လုံပညာ (လက်ဝှေ့) သင်တန်းကို မေလ၂၀ရက်နေ့ နံနက်ပိုင်းမှစ၍ သင်တန်းနည်း ဦးသန့်ဇင်ဝင်းနှင့် ဦးညီညီထက်တို့က သင်တန်းသူ/သားများ (၂၂) ဦးတို့အား လက်ဝှေ့ပညာအားကစားနည်းများကို စာတွေ့ဘာသာရပ်များကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမထဲအတွင်း၌လည်းကောင်း /လက်တွေ့လေ့ကျင့်မှုများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားခန်းမအတွင်း လေ့ကျင့်သင် ကြားပေးလျက်ရှိသည်။

တနင်္သာရီမြို့ ၌(၅၁)ကြိမ်မြောက်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့  အထိမ်းအမှတ် အကြိုမိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်စည်ကားစွာကျင်းပ

၂၀၂၄ခုနှစ်၊ ဇွန်လ(၅)ရက်မှာ ကျရောက်မည့်(၅၁)ကြိမ်မြောက်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ အထိမ်းအမှတ်အကြို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တော ဦးစီးဌာနမှကြီးမှူး၍ မိဘပြည်သူများအနေဖြင့် သစ်ပင်သစ်တောများ၏တန်ဖိုးကို အလေးထားသိရှိနားလည်ပြီး၊  သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ရာသီဥတု ကောင်းမွန်စေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို မေလ ၂၅ ရက်နေ့ နံနက် ၇ နာရီ၃၀ အချိန်က ဆင်ခြေဖုန်းကျေးရွာ အုပ်စု-အောက်ကင်းအရှေ့ကျေးရွာ- ပြည်ထောင်စုလမ်းမကြီးနံဘေး နေရာတွင် ပူးပေါင်းအဖွဲ့များက တပျော်တပါးစည်ကားစွာ ပါဝင်ဆင်နွဲစိုက်ပျိုးပေးကြကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးတွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့နယ်၌ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်သစ်တော်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကာ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်၍ အပ်နှံ လျက်ရှိကြောင်း သိရသည်။

ကရသူရိမြို့၌ ကွမ်းသီးနု (ခေါ်) ကွမ်းသီးဂျယ် ‌ဈေး‌ကောင်းရရန် ခြံပိုင်ရှင်များမျှော်မှန်း

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် ကွမ်းသီးကို ဒေသခံများ အများဆုံးစိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးအမှည့်ရာသီတွင် ခြံပိုင်ရှင်များ ဈေးကောင်းမရရှိခဲ့သဖြင့် ကွမ်းသီးနု(ခေါ်) ကွမ်းသီးဂျယ် ဈေးကောင်းရရန် မျှော်မှန်းနေကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး