တနင်္သာရီတိုင်းဒေသကြီး

ပုလောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အမျိုးသမီးအခြေခံအပ်ချုပ်စက်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ အမျိုးသမီးအခြေခံအပ်ချုပ်စက်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုလောမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့သည်။

ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ပုလောမြို့နယ်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကရသူရိမြို့ လူထုအခြေပြုဗဟိုဌာန၌ ပန်းကြယ်သီးထိုးနည်းသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် ကျောင်းသူများ၏ အသက်မွေး ဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် ပန်းကြယ်သီးထိုးနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် ရိုဘတ်စတာကော်ဖီ (၂၇၄)ဧက တိုးချဲ့စိုက်ပျိုးရေးအတွက် ပျိုးပင်ပျိုးထောင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

မြန်မာ့ကော်ဖီ ကမ္ဘာ့‌ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ကော်ဖီတိုးချဲ့စိုက်ပျိုးရေးကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်တွင် (၂၀၂၄–၂၀၂၅) ခုနှစ်၊ မိုးရာသီတွင် ရိုဘတ်စတာကော်ဖီ (၂၇၄) ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်ပျိုးထောင်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းနှင့် တာဝန်ရှိသူများကယမန်နေ့က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

တနင်္သာရီမြို့ချောင်းကြီးကျောင်းတိုက်၌ (တတိယ)အကြိမ်၊ နေ့ည အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ခြင်း ပိတ်သိမ်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ သာသနာ့ဝုဎ္ဍိပါလချောင်းကြီးကျောင်းတိုက် ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် (တတိယ)အကြိမ် နေ့ညအသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ် ပိတ်သိမ်းပွဲအခမ်းအနားကို ၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း(၇)ရက်၊ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်းနှင့် Biometric အချက်အလက်များ ကွင်းဆင်းကောက်ယူ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက သဲချောင်းကျေးရွာနှင့် စခန်းသစ်ကျေးရွာတို့တွင်‌ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း၊ Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UID နံပါတ်ပါ ကတ်ပြားများ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ပရဟိတဂေဟာများမှ က‌လေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟော‌ပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ပရဟိတဂေဟာများမှ က‌လေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟော‌ပြောပွဲကို တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး ပရဟိတ ယောင်္ကျားလေးများ ဂေဟာတွင် မေလ(၁၄)ရက် နံနက်ပိုင်းက ကျင်းပခဲ့ပြီး အဆိုပါဂေဟာနှင့် မိဘမဲ့ မိန်းကလေးဂေဟာတို့မှ ကလေးငယ်များအား ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ဟောပြောခဲ့ကြသည်။

ရေဖြူ၌ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း‌ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကောင်းမှုကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိမ့်စမ်းရေးသွယ်ယူရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် မြေပြင်အခြေအနေကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ပလောက်မြို့၊ အမှတ်(၁၂)တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁၂)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ချောင်းဝကျေးရွာမှ တောင်သူများနှင့်တွေ့ဆုံပွဲ၊ နွေစပါးစံကွက် ရိတ်သိမ်းခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ချောင်းဝကျေးရွာမှ တောင်သူများနှင့် တွေ့ဆုံပွဲ၊ နွေစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ပြုလုပ်ခြင်းများကို ရွှေပြည်စိုးကျေးရွာအုပ်စု၊ (၇)မိုင်‌‌ကျေးရွာ၊ ဂေါက်ကွင်းအရှေ့၊ လယ်စိုက်ခင်း‌တွင် ယနေ့နံနက်ပိုင်း (၈)နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး