တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့၊ သီတာရေလုပ်ငန်းကုမ္ပဏီတွင် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် Biometric ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေပြည်သာ ရပ်ကွက်ရှိ သီတာရေလုပ်ငန်းကုမ္ပဏီတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

သရက်ချောင်းမြို့နယ်တွင် (၂၀၂၄–၂၀၂၅) ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၀၂၄–၂၀၂၅) ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနာကို ယမန်နေ့က သရက်‌ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကော့သောင်းမြို့ Community Centre ခန်းမတွင် Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် Book Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

ကုန်းလမ်းပို့‌ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကုန်းလမ်းပို့‌ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၇) နာရီခွဲခန့်က  ကော့သောင်းမြို့ ခရိုင်မီးသတ်ဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့တွင် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများစိုက်ထူ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရန်နှင့် အခြေခံပညာသင်ယူခွင့်ရရှိစေရန်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ယနေ့နံနက်၉နာရီအချိန်မှစတင်၍ လူသွားလူလာများသည့် လမ်းဆုံနေရာ (၃)နေရာတွင် စိုက်ထူခြင်းအခမ်းအနား ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

ကရသူရိမြို့၌ အပူဒဏ်ကာကွယ်ခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် ဘုတ်ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် စာဖတ်ပရိသတ်များအား အပူဒဏ်ကာကွယ်ခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်ဘုတ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပုလောမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေး၍ Biometric ထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ ပုလောမြို့ အမှတ် (၂၈၅) ခြေလျင်တပ်ရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း၊ Biometric ထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းကို မေလ ၁၀ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၁၀ ရက်နေ့ နံနက် (၁၀)နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ထားဝယ်ခရိုင်အတွင်း ကော်ဖီစိုက်ပျိုးမည့် ဒေသခံတောင်သူများအား ကော်ဖီပျိုးပင်များ အခမဲ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စိုက်ပျိုးမွေးမြူရေးတွဲဖက်အထက်တန်းကျောင်း (အ.ထ.က-၄) တွင် ကော်ဖီပျိုးပင်များ ပျိုးထောင်ထားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၊ ကော်ဖီလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီမှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များက ကော်ဖီပျိုးထောင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ထားဝယ်ခရိုင်အတွင်း ကော်ဖီစိုက်ပျိုးမည့် ဒေသခံတောင်သူများထံ ကော်ဖီပျိုးပင်များ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး