တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်က ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့တွင် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုလဲရတနာခန်းမတွင် ကျင်းပခဲ့သည်။

မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှ အသက် (၂)နှစ်အောက်  ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ်လဆန်းပိုင်းတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှုဒါန်း

၂၀၂၄ ခုနှစ်၊ မေလ  ၅  ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို မေလ (၂)ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှုဒါန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထားဝယ်မြို့တွင် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂ဝ၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

“ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) ခုနှစ် World Immunization Week အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ကျွန်းစုမြို့တွင် သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့နယ် ဌာနပေါင်းစုံ - ငွေစုငွေချေး သမဝါယမအသင်းလီမိတက်က အသင်းသားများအား ထောက်ပံ့ငွေများ ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဌာနပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်က ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၌ အသင်းသားများအား ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

သောက်သုံးရေ အခက်အခဲရှိသည့် ထားဝယ်မြို့၊ တလိုင်းထိန်ရပ်ကွက်သို့ သောက်သုံးရေ လှူဒါန်း

(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေ အခက်အခဲရှိသည့် ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစေရန်အတွက် ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနက ရေသယ်ယာဉ်ဖြင့် ထားဝယ်မြို့၊ တလိုင်းထိန်ရပ်ကွက်သို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး