အ.ထ.က မိုင်းနောင် ကျောင်းသား၊ ကျောင်းသူများအား ပြင်ပစာပေများ ဖတ်ရှုလေ့လာနိုင်ရန် နယ်လှည့်စာကြည့်တိုက် သွားရောက်ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် နယ်လှည့်စာကြည့်တိုက်ကို ယနေ့ နံနက် (၁၀) နာရီအချိန်က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။