သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club ၊ Youth Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club ၊ Youth Club အဖွဲ့ဝင်များက စာရေးဆရာဦးဘုန်း(ဓာတု)၏ “တွင်းအတွေးစကား” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။