ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မြို့သစ်မြို့နယ်၌ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ဓါတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဆိုင်ရာအသိပညာပေးနံရံကပ်ဓါတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲကိုယမန်နေ့နေ့လယ် (၁) နာရီက မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ စာသင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြင်ဦးလွင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ''စာဂုဏ်ထွန်းပ နတ်တော်လ'' စာစီစာကုံးပြိုင်ပွဲ ဆုများချီးမြှင့်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ''စာဂုဏ်ထွန်းပ နတ်တော်လ'' စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမ၌ ကျင်းပသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဝါးပတောသက္ကယ်ကျွန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို​ ယမန်နေ့မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝါးပတောသက္ကယ်ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် အ-မ-က (လယ်ပေါ်) တွင်စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လယ်ပေါ်ရပ်ကွက် အ-မ-က (လယ်ပေါ်) ကျောင်း တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ မှ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းကို ယနေ့ နံနက်  (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာဝန်ခံ ဦးမျိုးမောင်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်မှ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိုင်းဖြတ်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန်းပြည့်စုံစေရေးတို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်း (ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပွင့်ဖြူမြို့ အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ