ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ Book Club စစာဖတ်ဝိုင်းကျင်းပပြုလုပ်

ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဇွန်လ (၂၁) ရက်နေ့နံနက် (၁၀) နာရီခွဲအချိန်က book club စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။ ပထမဦးစွာဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်က book club စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းဖြင့် လူကြီးလူငယ်လူလတ်ပိုင်းတွေမကျန် အရွယ်သုံးပါးစာဖတ်ဝိုင်းများဆောင်ရွက်ခြင်းဖြင့် စာဖတ်စွမ်းရည်တွေ တိုးပွားလာမည်ဖြစ်ကြောင်းပြောကြားပြီး စာရေးဆရာဖေမြင့်ရေးသားသော စဉ်းစားခြင်းစာအုပ်မှ အကျပ်အတည်းကြားမှ စဉ်းစားကြံဆတတ်သူများ ခေါင်းစဉ်ပါအသက်ဘေးမှ လွတ်မြောက်အောင်ရုန်းထွက်သည့် မီးသတ်သမား၏လျှပ်တပြတ်ဉာဏ်၊ မြည်းတိုင်းဉာဏ်နည်းသလား၊ တစ်ပန်းရှုံးသော အနေအထားမှာ ယှဉ်ပြိုင်အနိုင်ရသူများအကြောင်း၊ အင်အားချိန်ခွင်လျှာကို ပြောင်းလဲပစ်သည့် လူ့ဘီလူးကြီးဂိုလိုင်းယက် (သ) ကိုဒေးဗစ်အနိုင်ယူခဲ့ပုံအကြောင်းတို့ကို ဖတ်ကြားခဲ့သည်။

ပြည်မြို့နယ်၌ အ.ထ.က (၁) သိရီရတနာခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန၌ လူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန် အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ငဖဲမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲ နှင့် စာအုပ်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ပုဇွန်တောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ သုတ/ရသစာအုပ်စာစောင်များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများလေ့လာဖတ်ရှုနိုင်စေရန် သုတ/ ရသ စာအုပ်စာစောင်များအား ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ပုဇွန်တောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က လာရောက်လှူဒါန်းခဲ့သည်။

တောင်ငူမြို့၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မူလွန် (ဇေယျာခင်ဦး) တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။

ညောင်ရွှေမြို့နယ် အ.ထ.က မိုင်းသောက်၌ လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အုတ်တွင်းမြို့နယ်၌ က​လေးအလုပ်သမားပ​ပျောက်ရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.မ.က (မူလွန်) ကအုန်းပင်ကျောင်းနှင့် မွန်းလွဲ (၁) နာရီအချိန်က အ.လ.က (ခွဲ) စျေးကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပြည်မြို့၌ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်း ပိတ်ပွဲအခမ်းအနားကျင်းပ

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပြည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော "အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်း" ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၊ ပြည်ခရိုင်ရုံး၌ ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ