ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့၊ ကမ်းနားလမ်းကျောက်ထီးအနီး လူသွားလမ်းပလက်ဖောင်းနှင့် ရင်ပြင်အက်ကွဲမှုအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း ကျောက်ထီးအနီး ငဝန်မြစ်ကမ်းဘေးတွင် အများပြည်သူအပန်းဖြေ အနားယူနိုင်ရန်နှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် ပြုလုပ်ထားသော ပလက်ဖောင်းနှင့် ရင်ပြင်ပေါ်တွင် ငဝန်မြစ်ရေစီးကြောင့် အလျားပေ ၁၃၀ ခန့် အက်ကွဲကြောင်းဖြစ်ပေါ်ခဲ့သဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက အဆိုပါနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်က အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် လိုအပ်သည့်အစီအမံများ ချက်ချင်းဆောင်ရွက်ရန်နှင့် အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။