ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများမဲပေးခြင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းကို ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။