အမြို့မြို့အနယ်နယ်သတင်းများ

ကျောက်တန်းမြို့နယ်၌ မူခင်းကျဆင်းရေးအသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မူခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ပန်းတော ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။ 

အောင်လံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ရွာထောင်) ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး” နှင့် “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး” အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မင်္ဂလာဒုံမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအပါအဝင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးခန်းမ၌ ကျင်းပသည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကြယ်ပွင့်ပြမေးခွန်း(၄)ခုမေးမြန်း

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဒေသခံပြည်သူများကိုယ်စား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုထံမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကြယ်ပွင့်ပြမေးခွန်း(၄)ခုကို မေးမြန်းရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။

ကြံခင်းမြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်း (မြို့နယ်အဆင့်)ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျန်းမာရေးအဆင့်မြှင့်ကျောင်း (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်​ပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမ ၁၂၅ ဦး တက်ရောက်ကြသည်။

စေတုတ္တရာမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအန္တရယ်အသိပညာပေးဟောပြောပွဲ၊ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲများကို ယနေ့နံနက် (၈) နာရီခွဲအချိန်က စေတုတ္တရာမြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပပြုလုပ်သည်။

ကြံခင်းမြို့၌  ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌  ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (သတင်းစကား) လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းအချိန်တွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် ဝန်ထမ်းများက  ​ခြေခံပညာအထက်တန်းကျောင်းများ၊ လူစည်းကားရာနေရာများနှင့် သင်တန်းခန်းမတို့၌  အစောင်ရေ ၄၀၀ အား ခမဲ့ဖြန့်ဝေပေးခဲ့သည်။

ဇလွန်မြို့၌ သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်လင်းဦးဆောင် သော မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများနှင့်ဝန်ထမ်းများ၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ ယနေ့နံနက် ၉ နာရီတွင် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးရှေ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

မုဒုံမြို့အတွင်းရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး အခြေခံပညာကျောင်းများအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းသည် နိုင်လှုံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ