အမြို့မြို့အနယ်နယ်သတင်းများ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ရွာသစ်ကျေးရွာရှိ “ကျေးရွာခန်းမဆောင်သစ်” ဖွင့်ပွဲအခမ်းအနားကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သောရွာသစ်ကျေးရွာ “ကျေးရွာခန်းမ ဆောင်သစ်” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါခန်းမဆောင်၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ အမရပူရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး၊ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

မြို့သစ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး၊ အသက်(၁၈)နှစ်ပြည့်ပြီးသည့် ပြည်သူအားလုံးပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် နောက်ဆုံးအကြိမ် မဲစာရင်းများကပ်ထားကြေညာ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက် ၇ နာရီမှစတင်၍ တတိယအကြိမ်(နောက်ဆုံးအကြိမ်)အဖြစ် မဲစာရင်းများကပ်ထား ကြေညာထား ရှိပြီးဖြစ်သည်။

ဘားအံမြို့လူငယ်စင်တာတွင် အခြေခံစာကြည့်တိုက်သင်တန်း ဖွင့်လှစ်သင်ကြား

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းစာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်တိုက်မှူးများအနေဖြင့် စာကြည့်တိုက်ပညာရပ်များကို လေ့လာသင်ယူပြီး ပြန်လည်အသုံးချတတ်သည့် စာကြည့်တိုက်မှူး ကောင်းတစ်ယောက် ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာ သင်တန်း ဒုတိယနေ့အဖြစ် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ကျေးရွာအုပ်စုများမှ စိုက်ပျိုးစရိတ်လာရောက်ထုတ်ယူသည့် တောင်သူများအား "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် လိုက်လံဖြန့်ဝေပေးခဲ့သည်။

အောင်လံမြို့နယ်တွင် မဲရုံများဖွင့်လှစ်ရန် လျာထားသည့်နေရာများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈  ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ရန် လျာထားသည့်နေရာများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သစ်လွင်သူနာပြုများတာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ကျိုင်းတုံသူနာပြုသားဖွားသင်တန်းကျောင်းတွင် ကျင်းပသည်။

နောင်တရားမြို့၌ စကအာလူးတူးဖော်ချိန် ဈေးနှုန်းပုံမှန်သာရရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ စကအာလူးစိုက်ပျိုးထားသည့် တောင်သူများ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဈေးနှုန်းပုံမှန်သာရရှိနေကြောင်း အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

သားဖွားသင်တန်းကျောင်း(မန္တလေး)၌ ဘက်စုံသားဖွားဒီပလိုမာ သင်တန်းသူများအား ဘွဲ့လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကျင်းပ

ဘက်စုံသားဖွားဒီပလိုမာ (၁၁)ကြိမ်မြောက် သင်တန်းသူများအား ဘွဲ့လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို သားဖွားသင်တန်းကျောင်း (မန္တလေး)၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။

စေတုတ္တရာမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းကာ စာရေးဆရာအောင်သင်း ရေးသားသည့် “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ်(၃)နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စေတုတ္တရာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ