သာသနာသမိုင်း၀င် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၅၉၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် သာသနာသမိုင်း၀င် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၅၉၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေလယ် ၂ နာရီ ကရွှေဆံတော်စေတီရင်ပြင်ရှိ ဂေါပကတန်ဆောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။