အမြို့မြို့အနယ်နယ်သတင်းများ

ပေါင်းတည်မြို့နယ်၌ စိတ်ကျန်းမာရေးနှင့် လူမှုအထောက်အပံ့ပေးရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိတ်ကျန်းမာရေးနှင့် လူမှုအထောက်အပံ့ပေးရေးဆိုင်ရာဆွေးနွေးပွဲကို အ.ထ.က (ပေါင်းတည်) တွင် မတ်လ ၂၄ ရက်မှ စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့ တံစိုးဂိတ်ရပ်ကွက်၌ ဆိုလာဖြင့်ဘတ္ထရီအားသွင်းရာမှ မီးလောင်၊ နေအိမ်သုံးလုံးဆုံးရှုံး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ တံစိုးဂိတ်ရပ်ကွက်၌ ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်က ဦးကျော်မင်းဦး (ခ) ဖိုးဆယ် ပိုင်ဆိုင်သည့်   နှစ်ထပ်နေအိမ်တွင် ဆိုလာဖြင့်ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်ခဲ့ကြောင်းသိရသည်။

ကမာရွတ်မြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန ကမာရွတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equiment Identity Register-CEIR) အကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကမာရွတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့ပါသည်။

မိုင်းဖြတ်မြို့နယ်၌ (မြန်မာ့သိုင်း) အခြေခံဗန်တို သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် (မြန်မာသိုင်း)အခြေခံဗန်တို သင်တန်းကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ခန်းမဆောင်၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ အမှာစကားများပြောကြားပြီး သင်တန်းသူများကို အားကစားဝတ်စုံများပေးအပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခြင်းနှင့် နွေရာသီအခမဲ့သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကွန်ပျူတာဝါသနာရှင်အသင်း၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းမှ ကြီးမှူးဖွင့်လှစ်သော ၂ဝ၂၆ ခုနှစ်၊ နွေရာသီအခမဲ့သင်တန်းများဖြစ်သည့် Junoir Creative Coding For Kids (Batch 1, Batch 2) 4 Al And Media Literacy For Kids (Batch 1, Batch 2)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်​နေ့ နံနက်ပိုင်းတွင် MICT Park Main Building, Conference Hall ၌ ကျင်းပသည်။

ရွှေပြည်သာမြို့နယ်၌ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ထမ်းဆောင်ခဲ့သော မြို့နယ်ရွေးကောက်ပွဲအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာရွေးကောက်ပွဲအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှု အထိမ်းအမှတ်ပွဲတော် ကျင်းပသွားမည်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရား စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းရာနှုန်းပြည့် ကပ်လှူပူဇော်ပြီးစီးမှု အထိမ်းအမှတ်ပွဲတော်များကို မတ်လ ၂၇ ရက်မှ ဧပြီလ ၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့နယ်ရှိ မိဘဂုဏ်ရည်အထည်ချုပ်စက်ရုံအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းဆောင်ရွက်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဝင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အလွမ်းဆွတ်ကျေးရွာရှိ မိဘဂုဏ်ရည်အထည်ချုပ်စက်ရုံအား မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။

ကန့်ဘလူမြို့၌ ယာယီမြေပေးမိန့်ပေးအပ်ခြင်းနှင့် မြေကွက်များ(ဒုတိယအကြိမ်) မဲစနစ်ဖြင့် မဲနှိုက်ချထာခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ နယ်မြေရှင်းလင်းရေးနှင့်လုံခြုံရေးတာ ဝန်ထမ်းဆောင်စဉ် ကျဆုံး/ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သည် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ပေးသင့်ပေးထိုက်သူများအား ယာယီမြေပေးမိန့်ပေးအပ်ခြင်းနှင့် မြေကွက်များ(ဒုတိယအကြိမ်) မဲနှိုက်ချထားသည့် အခမ်းအနားကို မတ် ၂၃ ရက် နံနက် ၁၀ နာရီက ကန့်ဘလူမြို့ရှိ ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပရိတ်တရားတော်နာယူကျင်းပ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ