လွိုင်လင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လွိုင်လင်မြို့ရှိ ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို မတ် ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။