ဝေးလံခေါင်ဖျားဒေသသတင်းများ

ဆည်ပေါက်စံပြကျေးရွာတွင် ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ

 

ကျောက်ပန်းတာင်း ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်စံပြကျေးရွာတွင် ယမန်နေ့က ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို အဆိုပါကျေးရွာရှိ ဇေယျာသီရိ မင်္ဂလာ ဓမ္မာရုံတွင် ကျင်းပရာ အသက်(၁၀၇)နှစ် အဖွားတစ်ဦး အပါအဝင် သက်ကြီးဘိုးဘွား(၃၁)ဦးတို့အား ကန်တော့ခဲ့ကြကြောင်း သိရသည်။

ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန် အသိပေး တင်ပြခြင်း အခမ်းအနားကျင်းပ

ကျိုင်းတုံ  ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကာကွယ်ဆေးထိုး/ ဆေးတိုက်လုပ်ငန်းများအား လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မိတ်ဘက်အဖွဲ့အစည်းများ၏  ပူးပေါင်းပါဝင်မှုမှ တစ်ဆင့် လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်း လုပ်ငန်းများဆိုင်ရာ အသိပေးတင်ပြခြင်း အခမ်းအနားကို ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

ဆားလင်းကြီး အ.ထ.က တွင် ပညာရေး စုံညီပွဲတော် ကျင်းပ

ဆားလင်းကြီး   ဇန်နဝါရီ    ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်း ပန်းမြတ်သဇင်ခန်းမ၌ (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ကျောင်းအဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

မန္တလေးမဟာမုနိဘုရားကြီးသို့ ဝင်ကြေးကောက်ခံသည့် ခြောက်လတာကာလအတွင်း ပြည်ပ ခရီးသွား တစ်သိန်းနှစ်သောင်းနီးပါး လာရောက်လည်ပတ်

မန္တလေး ဇန်နဝါရီ ၁၀

မန္တလေးမဟာမုနိဘုရားကြီးသို့ ပြည်တွင်း/ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှုများပြား လျက်ရှိရာ ပြည်ပခရီးသွားများ ဝင်ကြေးကောက်ခံမှုကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်မှ စတင်၍ တစ်ဦးလျှင် မြန်မာကျပ်ငွေ ငါးထောင်ကောက်ခံခဲ့ရာ  ဝင်ကြေးကောက်ခံသည့် ဇူလိုင်လ(၁)ရက်မှ ဒီဇင်ဘာလ(၃၁)ရက်အထိ ခြောက်လတာ ကာလအတွင်း ပြည်ပခရီးသွား တစ်သိန်းနှစ်သောင်းနီးပါး ဝင်ရောက်ခဲ့ပြီး ငွေကျပ်သိန်းခြောက်ထောင်နီးပါးရရှိခဲ့ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ စာရင်းများအရ သိရသည်။

ပွင့်ဖြူမြို့နယ်၌ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မေထုန်မဲ့သားစပ်နည်းသင်တန်းဖွင့်လှစ်

ပွင့်ဖြူ   ဇန်နဝါရီ   ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာ၌ မေထုန်မဲ့ သားစပ်ခြင်းနည်းပညာအား ကျွမ်းကျင်စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် မေထုန်မဲ့သားစပ်နည်း ပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ သည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ကေျာင်းသား/ကျောင်းသူ (၈၉၈၇)ဦး အား ကျောပိုးအိတ်များလှူဒါန်း

သရက်ချောင်း   ဇန်နဝါရီ  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလ တန်းကျောင်းပေါင်း (၉၇)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၈၉၈၇)ဦးအတွက် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း (China Foundation For Poverty Alleviation Myanmar Office- CFPA) မှ ကျောပိုးအိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သမဝါယမတက္ကသိုလ်(စစ်ကိုင်း) မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

 

စစ်ကိုင်း  ဇန်နဝါရီ     ၁၀

သမဝါယမတက္ကသိုလ်(စစ်ကိုင်း) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပေးပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြား/စီမံဌာန မှူးများနှင့် ပထမနှစ်သင်ကြားမည့် ဆရာ/ ဆရာမများအား မောင်မယ်သစ်လွင်များနှင့် မိတ်ဆက်ပေးခဲ့သည်။

အမေနေ့ အထိမ်းအမှတ် ကျော်ရွာကျေးရွာတွင် ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ

 

အင်းတော်    ဇန်နဝါရီ   ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကျန်တောကျေးရွာအုပ်စု၊ ကျော်ရွာကျေးရွာတွင် ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က ကျော်ရွာကျေးရွာ ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့နှင့် တွေ့ဆုံပွဲ အခမ်းအနား ထားဝယ်မြို့၌ ကျင်းပ

ထားဝယ်   ဇန်နဝါရီ  ၉

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့နှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲ ကျင်းပ

မန္တလေး   ဇန်နဝါရီ   ၉

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက မန္တလေးမြို့၊ ၅၅လမ်း နှင့် ၄၁လမ်းထောင့်ရှိ အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ