ဝေးလံခေါင်ဖျားဒေသသတင်းများ

ပခုက္ကူမြို့၌ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ယာယီပုံစံ(၃)လျှောက်လွှာအား မူလပိုင်ရှင်တောင်သူများ လက်ဝယ်ထံ ပေးအပ်ပွဲ ကျင်းပ

ပခုက္ကူ  ဇန်နဝါရီ  ၄

ပညာရေးဝန်ကြီးဌာန၊ ပခုက္ကူတက္ကသိုလ်မှ ပြန်လည်အပ်နှံခဲ့သည့် မြေဧရိယာ(၂၅.၉၆)ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ယာယီပုံစံ(၃)လျှောက်လွှာအား မူလပိုင်ရှင်တောင်သူများ လက်ဝယ်ထံပေးအပ်ပွဲကို ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂) အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် ၁ နာရီက ကျင်းပသည်။

စစ်ကိုင်းမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ စံပြရပ်ကွက်၊ ကျေးရွာအုပ်စု ဆုရရှိသူများအား ဆုများချီးမြှင့်

စစ်ကိုင်း  ဇန်နဝါရီ  ၄

စစ်ကိုင်းမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ စံပြရပ်ကွက်/ကျေးရွာအုပ်စု၊ သားကောင်းမိခင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲကို ယနေ့ နံနက်(၇)နာရီက ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနရှိ ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။

မင်းဘူးမြို့တွင် ကျောင်းသား/ကျောင်းသူများအား မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

 

မင်းဘူး  ဇန်နဝါရီ  ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး (ယာယီရဲမှူး) အောင်ကြည်မြင့် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့၊ အထက(၁)ကျောင်း၊ ဦးဩဘာသခန်းမတွင် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ပန်းတနော်မြို့၌ ကျင်းပ

ပန်းတနော်  ဇန်နဝါရီ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း (တိုးရွှေဝါပန်းခြံ)၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့ နံနက် ၄နာရီ မိနစ် ၂၀အချိန်၌ကျင်းပသည်။

ညောင်တုန်းမြို့၌ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ

ညောင်တုန်း ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို  ယနေ့ နံနက် ၇ နာရီက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို တက်ရောက်လာကြသူများက အလေးပြုခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော ၂၀၂၀ ပြည့်နှစ်၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက ဖတ်ကြားခဲ့သည်။

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ပြုလုပ်ခြင်းနှင့်ဆုပေးပွဲများ ကျင်းပ

မြင်းခြံ  ဇန်နဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မာလာဟေဝန်မြိုင်ပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် (၄:၂၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပ

မြောက်ဥက္ကလာပ   ဇန်နဝါရီ   ၄

 (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်   နိုင်ငံတော်အလံတင် အခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဂုဏ်ပြုရဲတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ နိုင်ငံတော်အလံအား လွှင့်တင်ပြီး တတ်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အားကစားသမားများ၊ NGO အဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများ၊ ပြည်သူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

( ၇၂ ) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံ အလေးပြုပွဲ အခမ်းအနား ပြင်ဦးလွင်မြို့၌ ကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ  ၄ 

၂၀၂၀ ပြည့်နှစ် ၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့်  နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ လာရလမ်း၊  လွတ်လပ်ရေး ကျောက်တိုင် ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ပွင့်ဖြူမြို့၌ ကျင်းပ

ပွင့်ဖြူ  ဇန်နဝါရီ  ၄

၂၀၂၀ ပြည့်နှစ် ၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယနေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့ ပွင့်မာလာပန်းဥယျာဉ်ခြံ၌ ကျင်းပပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ် များ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများက နိုင်ငံတော်အလံအား တက်ရောက်အလေးပြုခဲ့ကြသည်။

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ