ဝေးလံခေါင်ဖျားဒေသသတင်းများ

ထားဝယ်မြို့၊ ဘုမ္မော်ရပ်၊ ခရေလမ်းတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်၊ ခရေလမ်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

​ နွယ်နီကျေးရွာရှိ ကမ်းပြိုဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ပေးအပ်

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယနေ့ ညနေ ၃ နာရီအချိန်တွင် ချင်းတွင်းမြစ်‎ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့သည့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်း ကျေးရွာရှိ ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်လှစ်

 

အင်းစိန်    ဇန်နဝါရီ    ၂

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်အဆင့် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအတွက် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲကို အင်းစိန်မြို့နယ် မြို့သစ်(ဂ) ရပ်ကွက် ပိတောက်လမ်းပေါ်ရှိ ဥတ္တမဝံသ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ခန်းမ၌ ယနေ့နံနက် (၉)နာရီက ဖွင့်လှစ်ခဲ့သည်။

 

သာယာဝတီ၌ အကျိုးဆောင်တောင်သူသင်တန်း ဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ အင်းရွာ တောင်သူလယ်သမား သင်တန်းကျောင်းတွင် အကျိုးဆောင် တောင်သူဖွံ့ဖြိုးရေးသင်တန်း (၄/၂၀၁၉) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ်၌ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာပေဟောပြောပွဲ ကျင်းပ

မိတ္ထီလာမြို့နယ်၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာပေဟောပြောပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန်က မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့၌ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းစတင်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်း ကို ယနေ့ နံနက်(၈)နာရီအချိန်က ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ပလတ်စတစ်အမှိုက်များ ကင်းစင်ရေး စနစ်တကျစွန့်ပစ်ရေး ပညာပေးဟောပြောပွဲနှင့် လက်တွေ့ လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်

ပြည်သူများအနေဖြင့် သန့်ရှင်းရေးဆိုင်ရာ အသိပညာများရရှိကာ သန့်ရှင်းကျန်းမာပြီး အမှိုက်ကင်းစင် သော ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပေါက်မြို့နယ် ငမို့လေးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် “ပညာ့ဥယျာဉ်ပရဟိတ လူမှုကူညီရေးအသင်း” မှ လူငယ်များ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ ကင်းစင်ရေး၊ စနစ်တကျစွန့်ပစ်ရေး ပညာပေးဟောပြောပွဲနှင့် လက်တွေ့လှုပ်ရှားဆောင်ရွက်မှုများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရေးဆွဲနည်းသင်တန်းဖွင့်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်‌ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရေးဆွဲနည်းသင်တန်း(၁/၂၀၂၀)ကို ဇန်နဝါရီ ၂ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီး ဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။

သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၃၁)ပတ်မြောက် ကုသိုလ်ဖြစ် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက် သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၃၁)ပတ်မြောက် အားမာဃဆွမ်းလောင်းဓမ္မာရုံကြီး၌ ယမန်နေ့ ၈ နာရီ ၃၀ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ