ဝေးလံခေါင်ဖျားဒေသသတင်းများ

လူထုတွေ့ဆုံဆွေးနွေးပွဲ Town Hall Meeting အခမ်းအနား ရှမ်းစုကျေးရွာ၌ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့မတိုက်နယ်ရှိ ရှမ်းစုကြီး‌ကျေးရွာတွင် လွှတ်‌တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများနှင့်‌ လူထုတွေ့ဆုံပွဲ အစည်းအဝေး (Town Hall Meeting) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ရှမ်းစုကြီးကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ သည်။

မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာများဖွံ့ဖြိုးရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော် တပ်ကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာများ ဖွံ့ဖြိုးရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀နာရီခွဲက အဆိုပါဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

ပျဉ်းမနားမြို့နယ် ဘိုးဘွားရိပ်သာနှစ်ပတ်လည် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ငွေပဒေသာပင် လှူဒါန်းပွဲကျင်းပ

ပြည်တောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းရုံးက ဦးဆောင်ကာ ပျဉ်းမနားမြို့နယ် ဘိုးဘွားရိပ်သာနှစ်ပတ်လည် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ငွေပဒေသာပင်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဗုဒ္ဓဘာသာ ပျဉ်းမနားဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့သည်။

ပခုက္ကူမြို့နယ်တွင် ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်စိုက်တောင်သူများအရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိ

ပခုက္ကူမြို့နယ်တွင် ဆောင်းသီးနှံများ၊ ဆီထွက်သီးနှံများစိုက်ပျိုးကြရာ ဒေသတွင်း မုံလာထုပ်၊ ပန်းမုံလာဟုခေါ်သည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ စိုက်ပျိုးမှုအောင်မြင်ပြီး စီးပွားဖြစ် အရောင်းအဝယ် ကောင်း လျက် ရှိကြောင်း သိရသည်။

တာမွေမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန်၊ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်များ တိုးတက် မြင့်မားလာပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) မူလတန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စံပြမိခင်နှင့်ကလေးပြိုင်ပွဲ ကျင်းပ

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စံပြမိခင်နှင့်ကလေးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁ဝနာရီခွဲ အချိန် က ကျင်းပခဲ့သည်။

မြိုင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်း ဆင်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ယင်းဦးစီးဌာန ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ပွင့်ဖြူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်နည်း သင်တန်း ဖွင့်လှစ်သင်ကြားပေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ရွှေဘိုရွာမကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်တွင် စိုက်ပျိုးရေများ ပေးဝေနိုင်ရေး ဆောင်ရွက်နေ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် အဆင်ပြေစေရန်အတွက် လျှပ်စစ်မြစ်ရေတင် လုပ်ငန်း(၄)ခုတို့ဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး လုပ်ငန်းများကို (၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလ (တတိယအပတ်)မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှသိရသည်။

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ