ပူတာအိုမြို့တွင် မီးသုံးစွဲမှု စနစ်တကျရှိစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်
ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနတို့၏ဦးဆောင်မှုဖြင့် အရေးပေါ်မီး လောင်မှုဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ရေး၊ဆုံးရှုံးမှုနည်းပါးစေရေးနှင့် မီးဘေး လုံခြုံရေးအတွက် ပူတာအိုစည်ပင်သာယာဈေး ဈေးသူဈေးသားများအား မီးဘေး အသိပညာပေး လက်တွေ့ဇာတ်တိုက်လေ့ကျင့်မှုများနှင့်မီးသုံးစွဲမှုစနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲက ပူတာအိုမြို့ မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြသည်။