ဆဒုံးမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေး
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ဇွန် (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ (၂၃) ရက်မှ (၃၁)ရက်နေ့အထိ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။