နယ်ရုံးများ၏သတင်းများ

Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ကို မတ်လ (၂၇)ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း အခြေခံသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များအချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပန်းချီပညာကို စိတ်ပါဝင်စားသော ကလေးငယ်များ အခြေခံမှစတင်ပြီး ပျော်ရွှင်စွာ လေ့လာနိုင်ရေးတို့ကို ရည်ရွယ်၍ မူလတန်းကလေးများအတွက် အခြေခံပန်းချီသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
Mar 28,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာနများရှိ ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့ နံနက်၉ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ နွေရာသီအေရိုးဗစ်သင်တန်းကို (၂၆-၃-၂၀၂၂)ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိရာ ယနေ့ (၂၈-၃-၂၀၂၂)ရက်နေ့ ညနေ ၃ နာရီအချိန်တွင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Mar 28,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော မောက်စက်ကုန်းတဲတိုက်နှင့်ဘုန်းတော်ကျေးရွာသို့ ယနေ့ ညနေ ၄ နာရီ အချိန်ခန့်က မန္တလေးမြို့နေ ဒီဇိုင်နာ ဦးမျိုးမင်းစိုးနှင့်သူငယ်ချင်းများ၊ တောင်ဇင်းနယ် မြေမီးသတ်စခန်းတို့က  သောက်သုံး ရေဂါလံ ၃၂၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Mar 28,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင် စာ​မေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးနှင့်လုံခြုံရေးစွာ ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ ဆွေးနွေး​ခဲ့ကြောင်း သိရသည်။
Mar 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံသား (မှတ်ပုံတင်) ကိုင်ဆောင်သင့် သည့် ကတ်တစ် မျိုးမျိုးအား ပြသစစ်ဆေးခံနိုင်ရေး နှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရေး "မိဘ ပြည်သူများသို့ အသိပေးပန်ကြား ချက်”ဆိုင်းဘုတ်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့အဝင်စစ်ဆေးရေး ဂိတ်များတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံး က စိုက်ထူပေးခဲ့ကြောင်းသိရသည်။