နယ်ရုံးများ၏သတင်းများ

Mar 30,2022
မြန်မာနိုင်ငံတွင် ကြံသီးနှံစိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးသည့် တိုင်းဒေသကြီးများတွင် ပဲခူးတိုင်းဒေသကြီးသည်လည်း ကြံ အများဆုံးထုတ်လုပ်နိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည်။ထို့အတူ ပေါက်ခေါင်းမြို့နယ်သည်လည်း နှစ်စဉ်ကြံသီးနှံဧက နှစ်သောင်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ယခု ၂၀၂၂ ခုနှစ်တွင်လည်း ကြံသီးနှံ (၂၀၄၄၅) ဧကကို စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
Mar 30,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေး အတွက် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covid Shield) Phase 9 First dose နှင့် Booster ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ အမှတ် (၆) ရပ်ကွက်ရှိ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမှတ် (၁၀) ရပ်ကွက်၊ ဟေမဝန်ဓမ္မာရုံတို့၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်းသိရသည်။
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကျောင်းကျန်းမာရေးစံပြကျောင်း ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမ၌ ကျင်းပရာ မြို့နယ် ကျောင်းကျန်းမာရေးစံပြကျောင်း စိစစ်ရွေးချယ်ရေးကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ သာသနာ့ ဗိမာန်တော်ကြီးတွင် ယမန်နေ့ နံနက် ၉ နာရီက Siopharn ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆) လ ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covid Shield) ကို ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး မြို့ပေါ်ရပ်ကွက်များအထိ ကွင်းဆင်းကြီးကြပ်ကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေး မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန် နေ့ နေ့လယ် (၁:၃၀) နာရီအချိန်က မိုင်းဆတ်မြို့တွင်းရှိ မြို့မစျေးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို