Mar 28,2022
သဘာဝမြေဆီမြေလွှာများ ကောင်းမွန်လာစေရေး မြေဆီ၏ဂုဏ်သတ္တိအခြေအနေများကို ပြုပြင်ပြောင်းလဲပြီး ရေရှည်မြေဆီ မြေလွှာကောင်းမွန်မှုကို ဖြစ်ပေါ်ထိန်းသိမ်းနိုင်စွမ်းရှိပြီး မြေအတွင်းရှိ အဏုဇီဝသက်ရှိများက စားသုံးချေဖျက်၍ အပင်ကစားသုံးနိုင်သည့် အာဟာရ ဓာတ်များအဖြစ်ပြောင်းလဲကာ အပင်ကရယူစားသုံးခြင်းဖြစ်သည့်အတွက် ရေရှည်တွင်မြေဆီ လွှာကိုကောင်းမွန်စေသော သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများကို ယမန်နေ့ ညနေပိုင်း အချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာအုပ်စု ခလယ် ကျေးရွာ၌ ဒေသခံတောင်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်းသိရသည်။