Feb 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် နိုင်စေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၆၅) နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများ၊ စက်ရုံ / အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်း များ၊ Volunteer များ၊ နိုင်ငံ့ဝန်ထမ်းများ / ဝန်ထမ်း မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား အင်းစိန် မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သက်မှတ်ထားသော နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ဖေဖော်ဝါရီလ (၂၃) ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ (၁၆၀၅၁၃) ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ (၁၂၉၈၅၁) ဦးနှင့် Booster Dose ထိုးနှံပြီးသူ (၁၉၃၅) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။