နယ်ရုံးများ၏သတင်းများ

Feb 24,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ စန္ဒကူးပင်ပျိုး ထောင် ရောင်းချသူများ ပျိုးပင်ပြတ်သည်အထိ ရောင်းချရခြင်းကြောင့် လာမည့်နှစ် ပြန်လည် ပျိုးထောင်ချိန် စန္ဒကူးပင်(မျိုး)ပျိုထောင်သူ များပြားလာနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာ စန္ဒကူးမျိုးစေ့ပျိုးထောင်ရောင်းချသူ ဦးဝင်းမောင်မှ ပြောကြား၍ သိရသည်။
Feb 24,2022
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် အေးရိပ်ငြိမ် ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Feb 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇ အသစ်အိုမီခရွန် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ယနေ့နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်များအတွင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၁) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 23,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ယနေ့ နံနက်ပိုင်း ကဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။
Feb 23,2022
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်ပို့ချပေးလျက်ရှိသော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းသို့သွားရောက်၍ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၀ နာရီ အချိန်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Feb 23,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ကျေးလက်နေပြည်သူများအတွက် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်သင်ကြားပေးနေမှုအား ဖေဖော်ဝါရီ (၂၂)ရက်က တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Feb 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွား များနှင့် ဝက်များအား ယမန်နေ့မှ စတင်ပြီး ကျွဲ၊ နွား ခွာနာ လျှာနာ ကာကွယ်ဆေးနှင့် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးများ (အခမဲ့) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။