နယ်ရုံးများ၏သတင်းများ

Feb 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ပြည်သူများအနေဖြင့် အပြင်ထွက် သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာမှု ရှိစေရန် ဌာနိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက မြို့လမ်းဆုံနေရာ၌ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံ၀န်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန် တွင် ရပ်ကွက် ( ၁၆) ရပ်ကွက်ရှိအသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covidshield)ထိုးနှံသူ ပထမအကြိမ် စုစုပေါင်း (၁၂၁)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၁၉၉)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။ လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် နှင့်အထက်ပြည်သူများ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 26,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ယာများတွင် မီးလောင် ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ စခန်း၊ အဆောက်အဦများနှင့် နေအိမ်လိုင်းခန်းများသို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြ ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 26,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားဒုတိယ အကြိမ် (Covid Shield)ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအချိန်အထိ သင်္ဃန်းကျွန်းမြို့နယ်၊ကျိုက္ကစံဘုရားဝန်းအတွင်း ရှိဓမ္မဗိမာန် ဓမ္မာရုံနှင့် သုဝဏ္ဏ (၂၉) ရပ်ကွက်ရှိ ဓမ္မာရုံတို့တွင် (၁၉၅)ဉီးတို့အားကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးနှံဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
Feb 25,2022
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တွင် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက အမှတ်(၅၀) စည်ပင် သာယာဈေးတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ယနေ့ နံနက် (၈) နာရီအချိန်က ဘတ်(စ်)စကားမှတ်တိုင် များသန့်ရှင်းရေး ပြုလုပ်သည့် မှတ်တိုင်တာဝန် FMID Ecaux အဖွဲ့မှ ဝန်ထမ်းများက ခရီးသွား ပြည်သူများနားခိုသည့် မှတ်တိုင်များကို ပိုးသတ်ဆေးဖျန်းခြင်း၊ ဆပ်ပြာရည်များနှင့် သန့်ရှင်းခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Feb 25,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး နှင့် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ခြင်းကို ယနေ့ နံနက်က လူစည်ကားစုဝေးရာ (ရွာလွတ် ဆေးတံအဝိုင်း၊ ကညှော်ဟင်္သာအဝိုင်း၊ သက္ကောလမ်းဆုံ၊ CBZ ဘဏ်ရှေ့၊ မြို့အဝင်တံ တားထိပ်) နေရာတို့၌ ပြုလုပ်ဆောင်ရွက်သည်။
Feb 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော် ခဲ့သည်။