နယ်ရုံးများ၏သတင်းများ

Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၂၉)ရက်နေ့မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ Goldern Crown Gold Smith ကုမ္ပဏီ၊ ရွှေသရဖူရွှေပန်းထိမ်မှ ငွေကျပ်(၄၅၀၀၀၀)တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှုဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကြံခင်းမြို့မြို့နယ် ပြည်သူ့ဆေးရုံ၌ လှူဒါန်းခဲ့ကြောင်းသိရသည်။
Nov 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၂) နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Nov 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက်ဟ င်္သာတခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးစိုးနောင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ကွင်းဆင်း စစ်ဆေးသည်။
Oct 29,2020
မင်းတပ်မြို့ပေါ်(၄)ရပ်ကွက်ရှိ မဲရုံများတွင် အသုံးပြုမည့်မဲရုံသုံး ပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက် ခဲ့သည်။
Oct 28,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲရုံများ၌ အသုံးပြုရန်အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်း အမျိုးမျိုးကို ယနေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
Oct 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခန့်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
Oct 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းဆင်းပွဲကို အ.ထ.က ပညာရတာနာခန်းမ၌ ယနေ့ နံနက်(၈)နာရီအချိန်တွင် ကျင်းပသည်။