နယ်ရုံးများ၏သတင်းများ

Oct 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးမှူးဦးကိုကိုဦး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးဇော်မျိုးဌေးနှင့် တပ်ဖွဲ့ဝင်တာဝန်ရှိသူများက မအူပင်မြို့နယ် ရေလဲကလေးကျေးရွာအုပ်စု နယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းဆောင် ွက်ခဲ့သည်။
Oct 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
Oct 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံအသီးသီး၌ မဲရုံလုံခြုံရေးအတွက် အထူးရဲများ တာဝန်ပေးနိုင်ရန် အထူးရဲသင်တန်းအား ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၇ နာရီ အချိန်တွင် တော်ပေါ်ဘုန်းကြီးကျောင်း ရာပြည့်ဗိမ္မာန်၌ ကျင်းပခဲ့သည်။
Oct 28,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံလုံခြုံ ရေးအတွက် အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက်(၈)နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပခဲ့သည်။
Oct 28,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်စီမံကိန်းလုပ်ငန်း တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
Oct 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ (၁၈၈) ဦးအား ယနေ့ နံနက် (၉) နာရီတွင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ ဓိစေတီတော်မြတ်ကြီးဝန်းအတွင်း ဓမ္မာရုံ၌ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ဆောင်ရွက်မည့် အထူးရဲ သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉)နာရီအချိန်တွင် အ.ထ.က ပြင်စလူကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။