နယ်ရုံးများ၏သတင်းများ

Oct 28,2020
ဧရာဝတီတိုင်ဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်​မည့် အထူးရဲသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အထူးရဲသင်တန်းဖွင့်လှစ်သည့် နေရာအသီးသီး၌ ပေးအပ်ခဲ့သည်။
Oct 28,2020
ဟင်္သာတမြို့နယ်တွင် ဖွင့်လှစ်ရောင်း ချလျက်ရှိသည့် ဈေးကြီးများနှင့် ပျံကျဈေးများတွင် သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ ရောင်းချ ခြင်းရှိ/မရှိကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီအဖွဲ့များနှင့် စည် ပင်သာယာရေး ကော်မတီအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက ယနေ့ နံနက် ၁၀ နာရီတွင် လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
Oct 28,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ယမန်နေ့ နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး ကာလအတွင်း လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ဆိုင်ထိုင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
Oct 27,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိ နောက်ဆုံးကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အမျိုးသမီးသည် ယနေ့ နံနက်ပိုင်းတွင် ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ခရိုင်ဆေးရုံအုပ်ကြီးလာမာမီးက အတည်ပြု ပြောကြား သည်။
Oct 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အား မဲရုံသုံးစ္စည်းများကို အောက်တိုဘာလ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့တို့တွင် နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Oct 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများအတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးဆက်စပ်ပစ္စည်းများ၊ ကိုဗစ်ကာကွယ်ရေး သုံးပစ္စည်းများအား ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်သို့ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်တွင် မြို့နယ်ထွေ/အုပ်အစည်းအဝေးမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 26,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပခဲ့သည်။
Oct 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကြီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဆင့်ပွားသင်တန်းကို၊ ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေ ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။