နယ်ရုံးများ၏သတင်းများ

Dec 22,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက “မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု” စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမတွင် ယမန်နေ့က (Book Club))အဖွဲ့ဝင်များဖြင့် စာရေးဆရာ ခင်စောတင့်ရေးသားထားသော စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Dec 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် (၁၀)နာရီက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာခင်မိုးမိုး၏ “လွယ်ကူစစ်ဆေး သင့်ကျန်းမာရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Dec 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မွန်းလွှဲ ၁ နာရီက အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်၊ စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများ၊ သတင်းဗွီဒီယိုများ ရိုက်ကူးတည်းဖြတ်ရာတွင် အရည်အသွေးပြည့်မှီသည့် သတင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်နိုင်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၁) နာရီ အချိန်မှစ၍ Mobile Phone ဖြင့် ဗွီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
Dec 19,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို မြို့ဦးစီးဌာနရုံးရှိ  Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ  ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 19,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အနေဖြင့် လစဉ် စာဖတ်ဝိုင်းများကို ကျင်းပလျက်ရှိရာ ယမန်​နေ့ နံနက် ၁၀ နာရီက နှလုံးသားယဉ်ကျေးမှု စာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 19,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာဖေမြင့်ရေးသားသော" ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေ နွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။